Subscribe:

cars

မိမိလိုချင်သော firmware software များကို မော်ဒယ်နံပါတ်နှင့်တကွ ချက်ဘောက်မှာတောင်ဆိုနိုင်ပါသည်

Sunday, June 26, 2016

"ADK အားလေ့လာခြင်း အပိုင်း - ၂" < By Myo Koko Zaw >

"ADK အားလေ့လာခြင်း အပိုင်း - ၂" < By Myo Koko Zaw >

Credit to - Myo Koko Zaw

ADK အားလေ့လာခြင်း ( အပိုင်း - ၂ )

အပိုင်း ( ၁ ) မှာ adb ရဲ့ push ကို တင်ပြပေးထားပါတယ်။ အခု ကျန်တဲ့ command တွေကို ဆက်ပါမယ်။
(2) pull -> android စက်တွေထဲက data တွေ၊ ဖိုင်တွေ ဖိုလ်ဒါတွေကို ပြန်လည် ထုတ်ယူလိုတဲ့အခါမှာသုံးပါတယ်။ (ကော်ပီယူတာပါ...) သုံးပုံသုံးနည်းကလည်း push နဲ့အတူတူပါဘဲ...။ adb pull <android စက်ထဲက ထုတ်ယူလိုတဲ့ဖိုင်/ဖိုလ်ဒါနေရာနှင့်အမည်> <အဲဒီ့ဖိုင်/ဖိုလ်ဒါကို သိမ်းမည့်နေရာ>
(3)shell -> android စက်တွေထဲကို ၀င်ရောက်မွေနှောက်ဖို့အတွက် linux kernel ရဲ့ Terminal တစ်ခုပါ။ adb
shell -> Enter ဆိုရင် # လေးနဲ့အစပြုပြီးပေါ်လာပါလိမ့်မယ်...။ ubuntu ရဲ့ shell command တွေကို ကျွမ်းကျင်တဲ့သူတွေဆိုရင် အဲဒီ့အပိုင်းကို ပိုင်နိုင်ပါလိမ့်မယ်။ shell ကနေ ဖုန်းတစ်လုံးကို root အစစ်ဖြစ်မဖြစ်စစ်လို့ရပါတယ်။ adb shell -> su ဆိုပြီးရိုက်ကြည့်လိုက်ပါ..။ root ဖြစ်နေပြီဆိုရင် su user ကိုအသုံးပြုလို့ရပါတယ်။ အဲဒီ့ shell အတွက် command တွေကို သိချင်ရင်တော့ android စက်ထဲကို root explorer တစ်ခုခုထည့်ပြီး System -> xbin ထဲကိုသွားကြည့်ပါ... အဲဒီ့မှာပါတဲ့ဖိုင်နာမည်တွေဟာ Command တွေချည်းပါဘဲ... chpasswd ဆိုတာလည်းပါတာမို့ su ရဲ့ password ကိုပြောင်းတာဖြစ်စေ add ဆိုတာပါတဲ့အတွက် ကိုယ်တိုင် user အကောင့်တစ်ခု ဆောက်တာဘဲဖြစ်စေ လုပ်လို့ရပါတယ်... အဲဒီ့အပိုင်းတွေကတော့ နောက် shell အပိုင်းေ၇ာက်မှ ဆက်ကြရအောင်ဗျာ...
(4) install -> android စက်တွေထဲကို apk ဖိုင်တွေ Install လုပ်တဲ့နေရာမှာသုံးပါတယ်..။ root လုပ်တဲ့ bat ဖိုင်တွေမှာ အခု ကျနော်ပြထားတဲ့ command တွေသုံးလေ့ရှိတာကို အဲဒီ့ bat ဖိုင်ကို notepad နဲ့ဖွင့်ကြည့်ပြီးလေ့လာနိုင်ပါတယ်။ သုံးပုံသုံးနည်းက ရှင်းပါတယ်... adb install <install လုပ်မဲ့ဖိုင်> ဒါလေးပါဘဲ။ ဥပမာ - adb install "C:\Documents and Settings\user\Desktop\SkirtUp_1
.0.1.apk" ဒါဆိုရင် android စက်ထဲကို SkritUp_1.0.1 ဆိုတဲ့ application လေးတစ်ခုကို install လုပ်လိုက်တဲ့သဘောပါဘဲ... SD Card ထဲထည့် အဲဒီ့ကနေမှ ဖုန်းကနေ install လုပ်... အဲလို အဆင့်တွေ လုပ်စရာမလိုဘဲ apk ဖိုင်လဲ ကျန်မနေဘဲ install လုပ်တာမို့ Service သမားတွေအတွက် အဆင်ပြေနိုင်ပါတယ်။
(5) kill-server -> ဒါကတော့ adb command ကို ရပ်လိုက်တဲ့သဘောပါဘဲ... adb command ကိုစတော့မယ်ဆိုရင် အခု Command ကို မဖြစ်မနေ စရပါ့မယ်။ ဘာလို့လဲဆိုတော့ တစ်ခါတစ်လေ တစ်ချို့ Tools တွေကို အသုံးပြုပြီးတဲ့အခါ အဲဒီ့ Tools တွေက သူတို့ရဲ့ private folder တွေထဲက adb tool ကို အသုံးပြုထားတာကြောင့် အဲဒီ့ adb ကို အရင်ဆုံး ရပ်လိုက်ရပါမယ်... မရပ်ရင်ရော ဘာဖြစ်သလဲ... ဘာမှတော့ အကြီးကြီးမဖြစ်ပါဘူး.. ဒါပေမဲ့ ဗားရှင်းမတူတဲ့အခါ.. ဥပမာ - 4.1.1 အတွက် adb ကိုသုံးရတော့မယ်ဆိုရင် ပထမသုံးထားတဲ့ Tools ရဲ့ adb က 3.2 အတွက်ဘဲရှိတာဆိုရင်တော့ command ကို ကောင်းကောင်းအလုပ်လုပ်နိုင်မှာမဟုတ်ပါဘူးလို့ဆိုထားတယ်... လက်တွေ့တော့ မကြုံဝူးတေးပါဘူး... ဒါပေမဲ့ ဘာဘဲပြောပြော ဖွင့်ထားထား မဖွင့်ထားထား အရင်ဆုံး kill လုပ်လိုက်တာ ပိုကောင်းပါတယ်။
(6) start-server -> ဒါကတော့ ခုနက kill လုပ်လိုက်ပြီးမှာ ကိုယ့်ရဲ့ SDK ထဲက adb ကို run ဖို့အတွက် နိုးလိုက်တဲ့သဘောပါဘဲ... မနိုးဘဲသုံးလို့ရသလားဆိုတော့ ရပါတယ်... ဘာလို့လဲ.. ကျနော်တို့ ADK ကို path လမ်းကြောင်းပေးထားခဲ့ပြီးပါပြီး dos command မှာ adb လို့ရိုက်လိုက်တာနဲ့ adb က အလိုလို start-server ဖြစ်သွားပါပြီ။ ဒီ Command ကို ဘယ်လိုနေရာတွေမှာသုံးသလဲဆိုရင် path ပေးမထားတဲ့ ကွန်ပျူတာတွေမှာသုံးဖို့လို့ထင်ပါတယ်... မှားသွားရင် Sorry နော်...
ကဲ နောက်တစ်ပိုင်းကို နားပြီးမှဘဲ ဆက်မယ်...
အခုလို ၀င်ရောက်ဖတ်ရှု့လေ့လာတဲ့အတွက် ကျေးဇူးပါ.....။
MARG

0 မှတ်ချက်:

Post a Comment