Subscribe:

cars

မိမိလိုချင်သော firmware software များကို မော်ဒယ်နံပါတ်နှင့်တကွ ချက်ဘောက်မှာတောင်ဆိုနိုင်ပါသည်

Sunday, June 26, 2016

"ADK အားလေ့လာခြင်း" < By Myo Koko Zaw >



"ADK အားလေ့လာခြင်း" < By Myo Koko Zaw > 
Android Developer တစ်ယောက်အနေနဲ့ မသိမဖြစ် သိကိုသိနေရမှာက ADK ရဲ့ သဘောသဘာဝနဲ့ အသုံးတွေပါ။ ADK ထဲမှာပါတဲ့ အရေးကြီးတဲ့ အပိုင်းလောက်ကိုဘဲ ပြောပြသွားပါ့မယ်... ဖိုလ်ဒါအကုန်လုံးကိုတော့ ကိုယ့်ဖာသာကို စမ်းသပ်လေ့လာပြီး အသုံးပြုသွားနိုင်ဖို့မျှော်လင့်ပါတယ်။
ADK ရဲ့ အသုံးများဆုံးသော နံပါတ် (၁) ဖိုလ်ဒါကတော့ Platform Tools ဘဲဖြစ်ပါတယ်...။ အဲဒီ့အထဲမှာ api တွေ Script တွေ lib တွေနဲ့ tools တွေထည့်သွင်းပေးထားတယ်။ Tools တွေကို လေ့လာကြည့်မယ်ဆိုရင် -
(1) aapt.exe
(2) adb.exe
(3) aidl.exe
(4) dexdump.exe
(5) dx.bat
(6) fastboot.exe
(7) llvm-rs-cc.exe
ဆိပြီးတွေ့ရလိမ့်မယ်။ အဲဒီ့ Tools တွေထဲက အသုံးများဆုံးက adb နဲ့ fastboot ဘဲဖြစ်ပါတယ်။ developing လုပ်တော့မယ်ဆိုရင်တော့ အားလုံးကို သုံးရပါလိမ့်မယ်။ လောလောဆယ် အသုံးများဆုံး Tools နှစ်ကို အရင်ရှင်းပါ့မယ်။ တကယ်လည်းအသုံးတည့်ပါတယ်။

"adb အားတစ်စေ့တစ်စောင်းခြောင်းမြောင်းခြင်း"

adb ဆိုတာက Android Debug Bridge ရဲ့အတိုကောက်ပါ။ adb ကနေ ဘာတွေလုပ်နိုင်သလဲဆိုတော့... သူ့နာမည်အတိုင်း debug လုပ်လို့ရတယ်လို့ပြောရမှာဘဲဗျ။

ပထမရေးခဲ့တဲ့ထဲတွေကအတိုင်း လုပ်ခဲ့ပြီးသာဆိုရင် အခု ကျနော်ဆက်ရေးမဲ့အပိုင်းမှာ ပိုမိုလွယ်ကူပါလိမ့်မယ်။ ကဲ ဆက်ကြစို့...
အရင်ဆုံး cmd ကို win+r -> cmd -> Enter လုပ်ပြီး ၀င်လိုက်ပါ။ CMD ရောက်ပြီဆိုရင် adb လို့ရိုက်ထည့်လိုက်ပြီး Enter နှိပ်ပါ။ အဲဒီ့မှာ adb နဲ့ပတ်သတ်တဲ့ command တွေနဲ့ အသုံးတွေကို help အနေနဲ့ ပြပေးပါလိမ့်မယ်။
adb ရဲ့ Command တွေအားလုံးကို အသေးစိတ်ရေးသွားပါ့မယ်။ တစ်ခု သတိထားရမှာက adb ကိုသုံးတော့မယ်ဆိုရင် အခုရေးမဲ့ command တွေရဲ့ရှေ့မှာ adb ဆိုတဲ့ main tool ကို ထည့်ပေးပြီး space ခြားပြီးမှ Command ကိုရေးရမှာဖြစ်ပါတယ်။ command ကိုရေးတဲ့အခါမှာလည်း case sensitive ဖြစ်တာကြောင့် စာလုံးပေါင်းအကြီး အသေး dash underscore dot စတာတွေကို သေချာ ဂရုစိုက်ဖို့လိုပါလိမ့်မယ်.. မှားသွားရင်တော့ help command ကြီးပြန်ပြန်တတ်လာတာ ကြုံရလိမ့်မယ်။
ကဲ command တွေ စလိုက်ကြရအောင်...
(1) push -> android စက်တွေထဲကို ဖိုင်တွေ ဖိုလ်ဒါတွေကို ထည့်သွင်းတဲ့နေရာမှာ အသုံးပြုပါတယ်။ အသုံးပြုပုံ -> adb push <ထည့်သွင်းချင်တဲ့ဖိုင်/ဖိုလ်ဒါ> <ထည့်သွင်းမဲ့နေရာ>
ဥပမာ - adb push test.apk /sdcard အဲဒါဆိုရင် ဟန်းဆက်ထဲက SD Card ထဲကို C:\Android\android-sdk\platform-tools ထဲက tesk.apk ကို ထည့်လိုက်တာပါ။ အဲဒီ့နေရာမှာ လွယ်တဲ့ Shortcut တစ်ခုကတော့ cmd ထဲမှာ adb push လို့ရိုက်ပြီးတာနဲ့ Space ခြားပြီး ကိုယ်ထည့်ချင်တဲ့ဖိုင် ဘယ်နေရာမှာရှိတဲ့ဖိုင်ဖြစ်ဖြစ် cmd ထဲကို drag and draw လုပ်လိုက်ပြီး space ခြား ပြီး handset ထဲက ပို့ချင်တဲ့နေရာ ကိုရွေးလိုက်ရုံပါဘဲ။ root လုပ်တဲ့အခါမှာ လိုအပ်တဲ့ဖိုင်တွေထည့်သွင်းတဲ့နေရာမှာ သုံးပါတယ်။ များသောအားဖြင့်တော့ /data/local/temp ထဲကို ထည့်သွင်းပြီးမှ လုပ်ကြတာများပါတယ်။
အခုတော့ နည်းနည်း အလုပ်ပေါ်လာလို့ နောက်ပိုင်း command တွေကို နောက် post အသစ်တစ်ခုအနေနဲ့ ရေးပါ့မယ်...
ကျေးဇူးတင်ပါတယ်
MARG

0 မှတ်ချက်:

Post a Comment