"ADK အားလေ့လာခြင်း" < By Myo Koko Zaw >
Android Developer တစ်ယောက်အနေနဲ့ မသိမဖြစ်
သိကိုသိနေရမှာက ADK ရဲ့ သဘောသဘာဝနဲ့ အသုံးတွေပါ။ ADK ထဲမှာပါတဲ့
အရေးကြီးတဲ့ အပိုင်းလောက်ကိုဘဲ ပြောပြ
သွားပါ့မယ်... ဖိုလ်ဒါအကုန်လုံးကိုတော့ ကိုယ့်ဖာသာကို စမ်းသပ်လေ့လာပြီး အသုံးပြုသွားနိုင်ဖို့မျှော်လင့်ပါတယ်။
ADK ရဲ့ အသုံးများဆုံးသော နံပါတ် (၁) ဖိုလ်ဒါကတော့ Platform Tools
ဘဲဖြစ်ပါတယ်...။ အဲဒီ့အထဲမှာ api တွေ Script တွေ lib တွေနဲ့ tools
တွေထည့်သွင်းပေးထားတယ်။ Tools တွေကို လေ့လာကြည့်မယ်ဆိုရင် -
(1) aapt.exe
(2) adb.exe
(3) aidl.exe
(4) dexdump.exe
(5) dx.bat
(6) fastboot.exe
(7) llvm-rs-cc.exe
ဆိပြီးတွေ့ရလိမ့်မယ်။ အဲဒီ့ Tools တွေထဲက အသုံးများဆုံးက adb နဲ့ fastboot
ဘဲဖြစ်ပါတယ်။ developing လုပ်တော့မယ်ဆိုရင်တော့ အားလုံးကို
သုံးရပါလိမ့်မယ်။ လောလောဆယ် အသုံးများဆုံး Tools နှစ်ကို အရင်ရှင်းပါ့မယ်။
တကယ်လည်းအသုံးတည့်ပါတယ်။
"adb အားတစ်စေ့တစ်စောင်းခြောင်းမြောင်းခြင်း"
adb ဆိုတာက Android Debug Bridge ရဲ့အတိုကောက်ပါ။ adb ကနေ
ဘာတွေလုပ်နိုင်သလဲဆိုတော့... သူ့နာမည်အတိုင်း debug
လုပ်လို့ရတယ်လို့ပြောရမှာဘဲဗျ။